Tuesday, July 12, 2016

ဗန်းမော်ခရိုင်ပညာရေးမှူးလမ်းညွှန်ချက်

ဗန်းမော်မြို့ ၊ မြို့ နယ်ပညာရေးမှူးရုံးတွင် (၁၁.၇.၁၆)ရက်နေ့
နေ့လည်(၁း၁၅)နာရီအချိန် ထက်အုပ်၊လယ်အုပ်၊အုပ်စုမှူး
ဆရာ/မများနှင့် ဗန်းမော်ခရိုင်ပညာရေးမှူးတွေ့ဆုံဆွေးနွေး
ခဲ့ပါသည်
၁။အခြေခံကျောင်းများတွင် ထူးခြားမှုတစ်စုံတစ်ရာရှိတိုင်း
မြို့ နယ်၊ခရိုင်ကို ချက်ခြင်းအကြောင်းကြားရန်
၂။တိုင်စာ၊ပစ်စာ မပေါ်ပေါက်ရေး ဆောင်ရွက်ကြရန်
၃။School Grant ကော်မတီကို သတ်မှတ်ချက်နှင့်အညီ
ဖွဲ့စည်းပြီး ရန်ပုံငွေကို ငွေစာရင်းခေါင်းစဉ်လျော်ညီအောင်
သုံးစွဲကြရန်
၎။၎တန်း၊၈တန်း၊၁၀တန်း အောင်ချက်မြင့်မားရေးကြိုးစား
ဆောင်ရွက်ကြရန်
၅။kGစာသင်ခန်းကို လေ၀င်လေထွက်ကောင်းအောင်
အလင်းရောင်ကောင်းအောင်၊စာသင်ခန်းပတ်ဝန်းကျင်
ခြုံ နွယ်ပိတ်ပေါင်းကင်းရှင်းအောင်၊သန့်သန့်ရှင်းရှင်း
ဖြစ်အောင်ဆောင်ရွက်ကြရန်၊အပြင်ကစားကွင်းဖန်တီး
ပေးကြရန်
၆။အန္တရာယ်ဆောင်ရှိက ချက်ခြင်းအမှုတွဲတင်ကြရန်
အစရှိသဖြင့် ဗန်းမော်ခရိုင်ပညာရေးမှူးက ဆွေးနွေး
မှာကြားထားပါသည်။

ဧရာဝတီမြစ်ရေ

ဧရာဝတီမြစ်ရေသည် ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင်
(၅.၇.၁၆ မှ ၉.၇.၁၆ထိ)ရေကြီးခဲ့သဖြင့် ဧရာဝတီမြစ်ကမ်းဘေး
 မြေနိမ့်ကျောင်း(၆)ကျောင်းဖြစ်သည့်အမက(ရေနီ)၊အမက(ကံသာ)၊
အလက(ခွဲ)လက်ပံတန်း၊အလက(ခွဲ)သပြေကုန်း
အလက(ခွဲ)ကောင်းစင့်နှင့် အမက(ဆူးပုတ်ကုန်း)ကျောင်းများ
(၆.၇.၁၆ မှ ၈.၇.၁၆ထိ)ခေတ္တပိတ်ခဲ့ရပါသည်။
(၁၀.၇.၁၆)ရက်တွင် ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းသဖြင့်
(၁၁.၇.၁၆)ရက်မှ စပြီး ပိတ်ထားသောကျောင်းများ ပုံမှန်ပြန်လည်
ဖွင့်လှစ်လျက်ရှိပါသည်။

Friday, July 1, 2016

မြို့နယ်ပညာရေးမှူးရှောင်တခင်ကျောင်းစစ်ဆေးခြင်း

                ကချင်ပြည်နယ်၊ဗန်းမော်ပညာရေးမှူးကျောင်းစစ်ဆေးခြင်း
             မြို့နယ်ပညာရေးမှူးဦးဆောင်သည့်အဖွဲ့သည် (၁.၇.၁၆)ရက်နေ့
နံနက်(၈း၄၅)နာရီတွင်အထက(ခွဲ)အလက-၄ကျောင်းသို့ဝင်ပြီး ရှောင်တခင်
စစ်ဆေးပါသည်။ ဆရာ/မများကျောင်းသို့ အချိန်မှန်ရောက် မရောက်၊
 ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသောမုန့်များတရားမ၀င်ရောင်းချခွင့်
မရှိသောမုန့်များ ပါမပါ၊ KG စာသင်ခန်း အစရှိသည်တို့ကို စစ်ဆေးခဲ့ပါ
သည်။

CFS သင်တန်းစတင်ဖွင့်

                                            CFS သင်တန်း
CFS သင်တန်းကို ဗန်းမော်မြို့၊ အထက(၁) တွင် (၁.၇.၂၀၁၆)ရက်နေ့
နံနက်  (၉း၀၀)   နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။   နည်းပြ (၄)ဦးမှ
သင်တန်းသား (၅၈) ဦးအား     စာသင်ခန်း (၂) ခန်းခွဲကာ ပို့ချလျက်
ရှိပါသည်။