Tuesday, October 17, 2017

မော်ကွန်းခြိမ့်မွေးနေ့


သားလေးမော်ကွန်းခြိမ့်မွေးနေ့

အောက်တိုဘာ(၁၇)ရက်သားလေးမော်ကွန်းခြိမ့်ရဲ့မွေးနေ့ပွဲလေးကို

ဗန်းမော်မြို့၊ရှရုန်နှင်းဆီ ကရင်မူကြိုကျောင်းမှာပြုလုပ်ပေးခဲ့ပါတယ်။

မိဘရဲ့မေတ္တာ

တစ်နှစ်ပြည့်မွေးနေ့၊ နှစ်နှစ်ပြည့်မွေးနေ့၊ သုံးနှစ်ပြည့်မွေးနေ့ပွဲလေးများကို

မိမိနေအိမ်မှာပြုလုပ်ပေးခဲ့ပါတယ်။ယခုလေးနှစ်ပြည့်မွေးနေ့ပွဲလေးကိုတော့

သားလေးမူကြိုတက်တဲ့ ကရင်မူကြိုကျောင်းမှာပြုလုပ်ပေးခဲ့ပါတယ်။

သားလေးက မရီမပြုံးနဲ့ မျက်နှာလေးကိုတွေ့ရသော်လည်း သူ့ရဲ့ရင်ထဲမှာ

မဖော်ပြနိုင်တဲ့ပျော်ရွှင်မှုကို စံစားနေတယ်ဆိုတာ အရိတ်တကြည့်ကြည့်

ကြည့်နေရတဲ့ ဖခင်တစ်ယောက်မို့ သိပါတယ်။ သားလေးရဲ့မဖော်ပြနိုင်တဲ့

ပျော်ရွှင်ပီတိလေးတွေက မိခင်ဖခင်နှစ်ဦးထံ ကူးစက်ခဲ့ပါတယ်။

သားလေးမော်ကွန်းခြိမ့်ရဲ့ပျော်ရွှင်မှုကိုကူညီပေးစွမ်းကြတဲ့သားလေးရဲ့

သူငယ်ချင်းလေးတွေဖြစ်ကြတဲ့-

မောင်စိုင်းတေဇနိုင်၊ မောင်လင်းခန့်ဦး၊ မောင်စွမ်းထက်အောင်၊

မောင်ဥက္ကာဦး၊ မောင်လင်းသစ်ထူး၊ မောင်ခန့်ဇေယျာဖြိုး၊

မောင်နေလင်းအောင်၊ မောင်စိုင်းဖြိုးဝေတိုး၊ မောင်ကောင်းခန့်ဟိန်း၊

မောင်စောမင်းစိုင်းထွန်း၊ မောင်စိုင်းဘုန်းပြည့်အိမ်၊ မောင်ဝေယံလင်း၊

မောင်လင်းနေရောင်၊ မောင်ခန့်လင်းဟိန်း၊ မောင်ဘုန်းမင်းခန့်၊

မောင်မုန်ဆွတ်နောနော်၊ မော်ဇင်မျိုးသော်၊ မောင်ဆိုင်းမျိုးအောင်၊

မဆိုင်းနူးပန်၊ မပန်းမျိုးမြင့်ကြူ၊ မဇီကက်သရင်း၊ မနန်းယိန်းနဒီကို၊

မနန်ဂျာခမ်း၊ မဇင်ဇင်ဝင်း၊ မရွယ်နူးနူး၊ မငြိမ်းငြိမ်းလှိုင် နဲ့သူငယ်ချင်း

အားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းပြု

အပ်ပါတယ်။

သားလေးမော်ကွန်းခြိမ့် မူကြိုကျောင်းမှာခေါ်နေကျနာမည်တွေ

ဖြစ်တဲ့ အဖွားဆရာမ၊ ဆရာမပိန်ပိန်၊ ဆရာမဝဝ နဲ့ ဆရာမသီတာ

မူကြိုဆရာမများကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ဖခင်တစ်ယောက်ရဲ့ဆန္ဒ

ဖခင်တစ်ယောက်အနေနဲ့သားလေးကိုဖြစ်စေချင်တာကတော့

ကမ္ဘာ့စာမျက်နှာမှာမှတ်တမ်းပြုခံရတဲ့ နိုင်ငံကျော်၊ ကမ္ဘာကျော်

ပုဂ္ဂိုလ် ဖြစ်စေချင်ပါတယ်။

အောက်တိုဘာ(၁၇)ဖွားကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို ရှာဖွေကြည့်တဲ့ခါ

အတော်များများတွေ့ရပါတယ်။ အဲ့ဒီထဲမှာ ဖခင်တစ်ယောက်အနေနဲ့

ဖြစ်စေချင်တာကတော့ အင်္ဂလန်၊ စကော့တလန်၊ အိုင်ယာလန်၊

ပေါ်တူဂီ၊ ဂျပန် ဘောလုံးသမားတွေလိုလည်း ကမ္ဘာ့စာမျက်နှာမှာ

မှတ်တမ်းပြုခံရစေချင်တယ်။

ပြီးရင် အာဂျင်တီးနား၊ အယ်လ်ဆာဗေးဒိုး၊ ဆလိုဗေးကီးယား

သမ္မတလိုမျိုး၊ ဂရိနိုင်ငံ ဝန်ကြီးချုပ် အစရှိတဲ့ နိုင်ငံအကြီးအကဲတွေ

လိုမျိုး ဖြစ်စေချင်ပါတယ်။

စကော့တလန်လူမျိုး (David Alexander Robertson)

Date of birth  17 October 1968 (age 48)

သည် (Football Player) ကစားသမားအဖြစ် ပွဲပေါင်း (၃၆၄)ပွဲကစားခဲ့ပြီး

လက်ရှိမှာ (Real Kashmir)၏ နည်းပြအဖြစ်ဆောင်ရွက်နေတာတွေ့ရတယ်။

အင်္ဂလန်ဘောလုံးသမား (Graeme Pierre Le Saux)

Date of birth  17 October 1968 (age 48) သည်

professional footballer အဖြစ် ပွဲပေါင်း (၄ဝ၉)ပွဲကစားခဲ့ပါတယ်။

အိုင်ယာလန်ဘောလုံးသမား (Kevin Andrew Maher)

Date of birth  17 October 1976 (age 40)သည်

professional footballer အဖြစ် ပွဲပေါင်း (၅၂၂)ပွဲကစားခဲ့ပါတယ်။

ယခုလက်ရှိမှာတော့ (under-21 manager of Southend United)နည်းပြ

အဖြစ်ဆောင်ရွက်နေတာတွေ့ရပါတယ်။

ပေါ်တူဂီလူမျိုး (Luís André de Pina Cabral e Villas Boas)

Date of birth  17 October 1977 (age 39)သည်

တရုပ်နိုင်ငံ Shanghai SIPG ကလပ်သင်းရဲ့(manager) အဖြစ်ဆောင်ရွက်နေတယ်။

ဂျပန်ဘောလုံးသမား (Toshihiro Matsushita)

Date of birth  17 October 1983 (age 33)သည်

professional footballer အဖြစ် ပွဲပေါင်း (၃ဝ၈)ပွဲကစားထားပြီး

လက်ရှိမှာ (Kagoshima United FC) မှာကစားနေတာတွေ့ရပါတယ်။

President of Argentina

 Mauricio Macri  (since 10 December 2015)

President of El Salvador

Salvador Sánchez Cerén  (since 1 June 2014)

President of Slovakia

Andrej Kiska (since 15 June 2014)

Prime Minister of Greece


Alexis Tsipras (since 21 September 2015)

သားလေးမော်ကွန်းခြိမ့်နဲ့ အောက်တိုဘာ(၁၇)ဖွားမွေးနေ့ရှင်များ

အားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနဲ့ပြည့်စုံကြပြီး

မိမိ၏ခန္ဓာဝန်၊ မိဘဆွေမျိုးများရဲ့တာဝန်၊ တိုင်းပြည်၏တာဝန်
























များကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တဲ့ ကမ္ဘာ့စာမျက်နှာမှာ

မှတ်တမ်းပြုခံရတဲ့ ပုဂ္ဂိုလ်ကျော်တွေ ဖြစ်ကြပါစေကြောင်း

ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Thursday, October 5, 2017

2017 World Teachers' Day

2017 World Teachers’ Day














၂၀၁၇ခုနှစ်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်မြတ်ဆရာပူဇော်ပွဲကို
ကချင်ပြည်နယ်၊ဗန်းမော်မြို့အထက(၁)အောင်တံခွန်ခန်းမတွင်
မြို့နယ်အဆင့်ကျင်းပပြုလုပ်ခဲ့ပါတယ်။အခန်းအနားကိုကန်တော့ခံ
ဆရာကြီး(၃၀)ဦး၊ဆရာမကြီး(၃၉)ဦးတက်ရောက်နိုင်ခဲ့ပါတယ်။
တစ်ချို့သောကန်တော့ခံဆရာကြီး၊ဆရာမကြီးများသည်အသက်
အရွယ်အရကျန်းမာရေးအားနည်းလာပြီဖြစ်သဖြင့်တက်ရောက်နိုင်ခြင်း
မရှိတော့ပါ။
အခန်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာကြီးဦးနော်တောင် မှ
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါတယ်။ဌာနဆိုင်ရာများ
အနေဖြင့် ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးတက်ရောက်အားပေးပါတယ်။
မြို့နယ်စာရင်းစစ်၊မြို့နယ်ကျန်းမာရေး၊ခရိုင်စီမံကိန်းဦးစီးဌာန
တို့မှ အကြီးအကဲများလည်းတက်ရောက်အားပေးကြပါတယ်။
ကန်တော့ခံဆရာကြီးများကိုယ်စား ဆရာကြီးဦးဖေဝင်း က
လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ဆရာ/မများကို ဆုံးမသြဝါဒ
စကားမြွက်ကြားပေးပါတယ်။
ကျင်းပတဲ့အခန်းအနားဟာမင်္ဂလာရှိတဲ့အခန်းအနားဖြစ်ကြောင်း၊
အခန်းအနားကျင်းပပေးတဲ့ဆရာ၊ဆရာမများဟာမွန်မြတ်တဲ့
စိတ်ထားရှိသူများဖြစ်ကြောင်း၊ကျေးဇူးတရားကိုသိရှိသူများ
ဖြစ်ကြောင်း၊ကျေးဇူးတရားဆိုတာ ပုဂ္ဂိုလ်တစ်ယောက်က အခြား
တစ်ယောက်ကို စေတနာ၊ မေတ္တာများဖြင့် ကူညီပေးခဲ့သူဖြစ်
ကြောင်း၊လမ်းမှားနေရင် လမ်းကြောင်းမှန်ရောက်အောင်ပို့ဆောင်
ပေးခဲ့သူဖြစ်ကြောင်းစသဖြင့်ကျေးဇူးတရားများကိုအကျယ်တဝင့်
ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။
ယနေ့ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကိုပြန်ကြည့်ရင်
အရွယ်သုံးပါး(ပညာရှာ၊ဥစ္စာရှာ၊ဘာဝနာရှာ)မှာ နောက်ဆုံးဘာဝနာရှာ
တဲ့အရွယ်ဖြစ်ကြောင်း၊လောဘ၊ဒေါသတွေ လျော့ပါးတဲ့အရွယ်ဖြစ်ကြောင်း
နေထွက်ဆည်းဆာ၊နေ့လည်ဆည်းဆာ၊နေဝင်ဆည်းဆာ အချိန်သုံးပါးမှာ
အလှပဆုံးဖြစ်တဲ့ နေဝင်ဆည်းဆာအချိန်ကိုရောက်နေကြပြီဖြစ်ကြောင်း
သည်အတွက်ကြောင့် လက်ရှိတာဝန်ထမ်းဆောင်ကြတဲ့ဆရာ/မများအနေဖြင့်
အင်မတန်မှအကျိုးများတဲ့ပူဇော်ကန်တော့ခြင်းမျိုးဖြစ်ကြောင်းသြဝါဒစကား
မြွက်ကြားပေးပါတယ်။
ဆရာတစ်ယောက်ဟာအရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း
သက်ရှိလူသားလေးတွေကို ကိုင်တွယ်ရတာဖြစ်လို့ သက်မဲ့ကိုလိုရာ
ပုံသွင်းရတာထက်ခက်ခဲကြောင်း၊အနာဂတ်ကမ္ဘာကြီးရဲ့ကံကြမ္မာဟာ
ဆရာတွေရဲ့လက်ဝယ်မှာရှိကြောင်း ခံယူချက်ကောင်းတွေ မွေးမြူ
စေလိုကြောင်း အားပေးစကားများလည်းပြောကြားပေးပါတယ်။
ကလေးတစ်ယောက်ရဲ့လိုအပ်ချက်သေးသေးလေးကို
ဖြည့်ဆည်းပေးလိုက်ခြင်းမျိုး(ဥပမာ-စာအုပ်၊ခဲတံလိုလို့တစ်အုပ်
တစ်ချောင်းပေးလိုက်တာမျိုး၊ဝမ်းနည်းနေချိန်ကျောသတ်၊ရင်သတ်
အားပေးစကားပြောတာမျိုး၊ စာရလို့ တော်လိုက်တာဆိုပြီးချီးကျူး
စကားပြောပေးတာမျိုး) တွေဟာလည်း ကလေးအတွက်ဘဝ
တစ်လျှောက်လုံးအမှတ်ရစေတဲ့အကြောင်းအရာတွေဖြစ်ကြောင်း
တန်ဖိုးရှိတဲ့အရာတွေဖြစ်ကြောင်း ပြောကြားပေးပါတယ်။
ကန်တော့ခံဆရာမကြီးများကိုယ်စား ဆရာမကြီးဒေါ်သိန်းမြ ကလည်း
ဆရာတစ်ယောက်ရှိရမဲ့အရည်အသွေးများကိုပြောကြားပေးပါတယ်။
လုပ်ငန်းတစ်ခုလုပ်တဲ့ခါ ပြဿနာကြုံလာတဲ့ခါ ကြံရည်ဖန်ရည်ရှိဖို့၊
သင်ကြားရေးမှာသင်ထောက်ကူပစ္စည်းများတီထွင်ဖန်တည်းတတ်ဖို့၊
ဆက်ဆံရေးအမျိုးမျိုးမှာလိမ္မာပါးနှပ်ဖို့၊ ဝေဖန်ပိုင်းခြားတတ်ဖို့၊
ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချတတ်ဖို့၊ ကျောင်းသား/သူများကို
နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်ရှိအောင်သင်ကြားပေးကြဖို့သြဝါဒစကား
မြွက်ကြားပေးပါတယ်။
မြို့နယ်ပညာရေးမှူး(ငြိမ်း)ဆရာကြီးဦးအုန်းငွေ က ဆုပေးစကား
ဆုတောင်းစကားများကိုရှင်းလင်းပြောကြားပေးပါတယ်။မြတ်ဆရာ
ပူဇော်ပွဲအခမ်းအနားဟာ ကန်တော့ခံဆရာကြီး၊ဆရာမကြီးများရော၊
ပူဇော်ကန်တော့ကြတဲ့ ဆရာ/မများရော ပီတိသုခရရှိကြကြောင်း
နှစ်ဦးနှစ်ဖက်အကျိုးများကြောင်း၊တန်ဖိုးမဖြတ်နိုင်ကြောင်းပြောကြား
ပေးပြီး ဆုပေးစကားချီးမြှင့်ပေးပါတယ်။
မြတ်ဆရာပူဇော်မှုကို မြန်မာနိုင်ငံတွင်နှစ်စဉ်ကျင်းပကြပါတယ်။
သို့သော်လည်း မြန်မာပြက္ခဒိန်အရ သီတင်းကျွှတ်လပြည့်နေ့နဲ့
လပြည့်ကျော်တစ်ရက်နေ့မှာ ကန်တော့ခဲ့ကြတာဖြစ်ပါတယ်။
ကမ္ဘာမှာတော့ကမ္ဘာ့ဆရာများနေ့ကို(၁၉၉၄)ခုနှစ်မှစတင်ခဲ့တာ
ဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ အနာဂတ်အတွက်လိုအပ်တဲ့
မျိုးဆက်သစ်တွေကိုမွေးထုတ်ပေးခဲ့တဲ့ဆရာကြီး၊ဆရာမကြီးတွေကို
ထောက်ပံ့မှုတွေလုပ်ဆောင်ပေးနိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။
World Teachers' Day, also known as International Teachers Day,
is held annually on October 5 since 1994, commemorates
 teacher organizations worldwide. Its aim is to mobilize support
for teachers and to ensure that the needs of future generations

will continue to be met by teachers.