Wednesday, July 6, 2016
Friday, July 1, 2016
မြို့နယ်ပညာရေးမှူးရှောင်တခင်ကျောင်းစစ်ဆေးခြင်း
ကချင်ပြည်နယ်၊ဗန်းမော်ပညာရေးမှူးကျောင်းစစ်ဆေးခြင်း
မြို့နယ်ပညာရေးမှူးဦးဆောင်သည့်အဖွဲ့သည် (၁.၇.၁၆)ရက်နေ့
နံနက်(၈း၄၅)နာရီတွင်အထက(ခွဲ)အလက-၄ကျောင်းသို့ဝင်ပြီး ရှောင်တခင်
စစ်ဆေးပါသည်။ ဆရာ/မများကျောင်းသို့ အချိန်မှန်ရောက် မရောက်၊
ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသောမုန့်များတရားမ၀င်ရောင်းချခွင့်
မရှိသောမုန့်များ ပါမပါ၊ KG စာသင်ခန်း အစရှိသည်တို့ကို စစ်ဆေးခဲ့ပါ
သည်။

CFS သင်တန်းစတင်ဖွင့်
CFS သင်တန်း
CFS သင်တန်းကို ဗန်းမော်မြို့၊ အထက(၁) တွင် (၁.၇.၂၀၁၆)ရက်နေ့
နံနက် (၉း၀၀) နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ နည်းပြ (၄)ဦးမှ
သင်တန်းသား (၅၈) ဦးအား စာသင်ခန်း (၂) ခန်းခွဲကာ ပို့ချလျက်
ရှိပါသည်။

Thursday, June 30, 2016
ကျောင်းစစ်ဆေးရေး
ကျောင်းစစ်ဆေးရေး
၂၀၁၆-၂၀၁၇ပညာသင်နှစ်အတွက် ကျောင်းစစ်ဆေးရေးလုပ်ငန်းများ
စတင်ဆောင်ရွက်နေပါသည်။
၂၈.၆.၂၀၁၆ရက်တွင် မူလွန်ရှမ်းဝိုင်းကျောင်းသို့ အညွှန်းကိန်းစစ်ဆေး
ပါသည်။ကျောင်းသား(၃၈၅)ဦး စာရင်းရှိကျောင်းသားများအနက် ပျက်ကွက်သူ
(၂၁)ဦးရှိပါသည်။ ၀န်ထမ်း(၁၁)ဦးရှိပါသည်။ကျောင်းလုပ်ငန်းများပုံမှန်ဆောင်ရွက်
လျက်ရှိပါသည်။

Monday, June 27, 2016
Saturday, March 19, 2016
Subscribe to:
Posts (Atom)
ချစ်ဇနီးအေးနှင့် ချစ်သောသားလေး မော်ကွန်းခြိမ့်