သားသားလေးဓာတ်ပုံမှတ်တမ်း
Saturday, March 19, 2016
Monday, December 14, 2015
ဝန်ထမ်း
ဝန်ထမ်းဟူသည် ၀န်ထမ်းသာဖြစ်သည် အစွမ်းကုန်ကြိုးစားလိုစိတ်
မရှိကြ ရာထူးသာတက်လိုသည့်ဆန္ဒသာ ရှိကြသည်
မရှိကြ ရာထူးသာတက်လိုသည့်ဆန္ဒသာ ရှိကြသည်
Wednesday, January 1, 2014
နှစ်သစ်မင်္ဂလာ
ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်မှုာ တာဝန်ထမ်းဆောင်နေကြသော
ပညာရေးဝန်ထမ်း ညီအစ်ကိုမောင်နှမများစိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပြီး ပညာရေးတာဝန်ကျေပွန်စွာ
ထမ်းဆောင်နိုင်သည့် ပြည်သူ့ဝန်ထမ်းများ ဖြစ်ကြပါစေ၊
လိုအင်ဆန္ဒဟူသမျှပြည်ဝကြပါစေကြောင်း ဆုမွန်တောင်းပါသည်။

Thursday, December 19, 2013
၂၇ဆီးဂိမ်း(မြန်မာ)၂၀၁၃
၁၉.၁၂.၂၀၁၃ရက်နေ့ထိ နိုင်ငံအလိုက် ရွှေတံဆိပ်ရရှိမှုမှာ ထိုင်းနိုင်ငံက
ရွှေ(၈၂)ဖြင့် ပထမနေရာမှလည်းကောင်း၊ဗီယက်နန်နိုင်ငံက
ရွှေ(၆၄)ဖြင့် ဒုတိယနေရာမှလည်းကောင်း၊ အိမ်ရှင်မြန်မာနိုင်ငံက
ရွှေ(၆၀)ဖြင့် တတိယနေရာမလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံက
ရွှေ(၅၄)ဖြင့် စတုတ္ထနေရာမှလည်းကောင်း အသီးသီးရပ်တည်
လျှက်ရှိပါသည်။

Tuesday, December 17, 2013
၂၇ဆီးဂိမ်း(မြန်မာ)
၁၇.၁၂.၂၀၂၃ထိ နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက်မှာ ထိုင်းနိုင်ငံက-ရွှေ ၆၄ဖြင့် ပထမနေရာမှာလည်းကောင်း၊
ဗီယက်နန်နိုင်ငံက-ရွှေ ၄၈ဖြင့် ဒုတိယနေရာမှာလည်းကောင်း၊ အင်ဒိုနီးရှားက-ရွှေ ၄၅ဖြင့် တတိယနေရာမှာလည်း
ကောင်း၊အိမ်ရှင်မြန်မာနိုင်ငံက-ရွှေ ၄၂ဖြင့်စတုတ္ထနေရာမှာလည်းကောင်း ရပ်တည်နေပါသည်။
မြန်မာပရိတ်သတ်များ မိမိတို့နိုင်ငံအတွက် အားကစားပြိုင်ပွဲကို တခဲနက်အားပေးကြပါစို့။

Friday, September 20, 2013
CCA အုပ်စု(၆)ဆွေးနွေးပွဲ
၁၄.၉.၂၀၁၃ရက်နေ့က အုပ်စု(၆)CCA ဆွေးနွေးပွဲကို ဗန်းမော်မြို့နယ်၊မလူလာကျေးရွာတွင်
ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အုပ်စု(၆)အခြေခံကျောင်းများဖြစ်သည့် အထက(ခွဲ)-မအူပင်၊အမက-
ချောင်းဝ၊မူလွန်-ကျွဲချို၊အမက-မံရေး၊အမက-နောင်လိုက်၊အမက-နန့်လှိုင်နှင့် အမက-မလူလာ ကျောင်း
တို့မှ ကျောင်းအုပ်များနှင့် လက်ထောက်ဆရာ/မများ စုစုပေါင်း(၃၅)ဦးတက်ရောက်ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်တင့် တက်ရောက်ဆွေးနွေး အကြံ
ပြုပေးပါသည်။
ဆွေးနွေးပွဲတွင် သရုပ်ပြသင်ခန်းစာ(၂)ခုကို သရုပ်ပြသင်ကြားကြပါသည်။အထွေထွေဘာသာရပ်
သင်ခန်းစာမှ မှန်ကန်စွာဆုံးဖြတ်ချက်ချခြင်း သင်ခန်းစာကို အမက-နောင်လိုက်မှ ဆရာမဒေါ်အေးအေးမြင့်
မှ သရုပ်ပြသင်ကြားပြီး၊ သိပ္ပံဘာသာရပ်မှ ပျော်ဝင်ပစ္စည်းနှင့် မပျော်ဝင်ပစ္စည်း သင်ခန်းစာကို အမက-ချောင်းဝ
ဆရာမ မှ သရုပ်ပြသင်ကြားပါသည်။

CCA အုပ်စုဆွေးနွေးပွဲ(အုပ်စု-၁၂)
၁၇.၉.၂၀၁၃ ရက်နေ့က CCAအုပ်စုဆွေးနွေးပွဲကို အုပ်စု(၁၂)၊ အမက-ကမ်းနီကျောင်းတွင်
ပြုလုပ်ခဲ့သည်။
အုပ်စုဆွေးနွေးပွဲတွင် အုပ်စု(၁၂)ကျောင်းများဖြစ်သည့် အထက(ခွဲ)-စင့်ကင်၊အလက(ခွဲ)-တိန်းသော်၊
အလက(ခွဲ)-မိုင်းကာ၊မူလွန်-ကျွန်းကြီး၊အမက-ကုန်းခါး၊အမက-ကမ်းနီ၊အမက-မံပင်၊အမက-တိန်းသော်သစ်
ကျောင်းတို့မှ ကျောင်းအုပ်နှင့် မူလတန်းသင်ဆရာ/မ စုစုပေါင်း(၃၄)ဦး တက်ရောက်ကြသည်။
အုပ်စုဆွေးနွေးပွဲတွင် သင်ခန်းစာ(၂)ခုကို မူလွန်-ကျွန်းကြီးကျောင်းမှ ဆရာဦးရဲထက်နှင့် အထက(ခွဲ)-
စင့်ကင်ကျောင်းမှ ဆရာမ ဒေါ်ခိုင်မာကြည် တို့မှ သရုပ်ပြ သင်ကြားခဲ့ကြသည်။
အုပ်စုဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာဦးအောင်တင့် တက်ရောက်ဆွေးနွေး
အကြံပြုခဲ့သည်။
အောင်တင့် အောင်တင့်၁၂ အောင်တင့်၂၀၁၃
နိုင်ငံတော်သမ္မတရုံး ဒေါက်တာလွဏ်းဆွေ သစ်ထူးလွင်

Subscribe to:
Posts (Atom)