Tuesday, August 16, 2016

Rio 2016 အိုလံပစ်

၂၀၁၆နွေရာသီအိုလံပစ်ပွဲတော်ကို ဘရာဇီးနိုင်ငံမှာ သြဂုတ်လ(၅)
ရက်မှ သြဂုတ်လ(၂၁)ရက်ထိ ပြုလုပ်ကျင်းပနေပါတယ်
မြန်မာနိုင်ငံမှလည်း အားကစားသမား(၇)ဦးသွားရောက်ယှဉ်ပြိုင်
ကစားပါတယ်။
သွားရောက်ယှဉ်ပြိုင်ကစားသူတွေကတော့ ပြေးခုန်ပစ်မှာ
စန်းနိုင် ၊ ဆွေလီမြင့်မြင့် တို့ဖြစ်ပြီး ၊မြှားပစ်မှာ စန်းယုထွေး၊
ဂျူဒို မှာ ရန်နိုင်စိုး၊ သေနပ်ပစ်မှာ ရဲထွန်းနောင်၊ ရေကူးမှာ
သင့်မြတ် နဲ့ အိအိသက် တို့သွားရောက်ယှဉ်ပြိုင်ကြပါတယ်။
ရဲထွန်းနောင်က ၁၀မီတာလေသေနပ်ပစ်မှာ အဆင့်(၃၃)ရပြီး၊
၅၀မီတာပစ်စတိုပစ် မှာ အဆင့်(၁၇)ရတယ်လို့(အိုင်အိုစီ)သတင်း
အရအင်တာနက်မှသိရပါတယ်။
အိအိသက် က အလွှတ်တန်း ရေကူးမှာ အဆင့်(၇၀)ရတယ်လို့
သိရပြီး၊ သင့်မြတ်က ၁၀၀မီတာလိပ်ပြာကူးမှာ အဆင့်(၄၃)
ရတယ်လို့ အင်တာနက်မှ သိရပါတယ်။
မြန်မာနိုင်ငံမှသွားရောက်ယှဉ်ပြိုင်သူ(၇)ဦးစလုံး ရွှေနဲ့
အလွန်ပဲ ဝေးနေပါတယ်။







No comments:

Post a Comment