၂၀၁၆ခုနှစ်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်
ဆောင်းပါး၊စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ
ကျင်းပရေးစီမံချက်
ပညာရေးဝန်ကြီးဌာန၊ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်ရှိ
အခြေခံပညာကျောင်းအသီးသီးမှ ဆရာ/မများ၊ကျောင်း
သား/ကျောင်းသူများ ၂၀၁၆ခုနှစ်ကမ္ဘာ့ဆရာများနေ့အထိမ်း
အမှတ် ဆောင်းပါး၊စာစီစာကုံး၊ကဗျာများ ၀င်ရောက်ယှဉ်ပြိုင်
နိုင်ရန်အတွက် ဤစီမံချက်ကိုရေးဆွဲပါသည်။
ရည်ရွယ်ချက်
-မြန်မာစာအရေးအသားတိုးတက်လာစေရန်
-ကျေးဇူးကြီးမားလှသည့် ဆရာ့ဂုဏ်ကျေးဇူးကို
ဆောင်းပါး၊
စာစီစာကုံး၊ကဗျာတို့ဖြင့် ဖော်ကျူးဂုဏ်ပြုတတ်စေရန်
ရည်ရွယ်ပါသည်။
ပြိုင်ပွဲကျင်းပရေးကော်မတီဖွဲ့စည်းခြင်း
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အောင်မြင်စွာ
ကျင်းပနိုင်ရန် ပြိုင်ပွဲကျင်းပရေးကော်မတီကိုအောက်ပါ
အတိုင်းဖွဲ့စည်းဆောင်ရွက်ပါမည်။
၁။ဦးသန်းညို ခရိုင်ပညာရေးမှူး နာယက
၂။ဒေါ်နန်းတင်အေး မြို့နယ်ပညာရေးမှူး ဥက္ကဌ
၃။ဦးလဆန် ဒုတိယမြို့နယ်ပညာရေးမှူး
အဖွဲ့ဝင်
၎။ဒေါ်မြင့်မြင့်အေး ကျောင်းအုပ်ကြီး၊အထက(၂)
အဖွဲ့ဝင်
၅။ဒေါ်ခိုင်စန္ဒာ ကျောင်းအုပ်ကြီး၊ထခွဲအလက(၄) အဖွဲ့ဝင်
၆။ဦးခင်မောင်မြင့် ကျောင်းအုပ်ကြီး၊ထခွဲ(ဖိုးဒေ၀) အဖွဲ့ဝင်
၇။ဦးညိုမင်းထွေး လ/ထမြို့နယ်မှူး အဖွဲ့ဝင်
၈။ဦးနေ၀င်း မူအုပ်၊မူလွန်(၅) အဖွဲ့ဝင်
၉။ဒေါ်စန်းစန်းဝင်း မူအုပ်၊မူလွန်(၄) အဖွဲ့ဝင်
၁၀။ဦးအောင်တင့် ဒုတိယမြို့နယ်ပညာရေးမှူး အတွင်းရေးမှူး
၁၁။ဦးခင်မောင်ဖြူ လ/ထမြို့နယ်ပညာရေးမှူး တွဲ-အတွင်းရေးမှူး
ပြိုင်ပွဲကျင်းပရေးကော်မတီ၏လုပ်ငန်းတာဝန်များ
က။ အခြေခံကျောင်းများမှစာရင်းသွင်းလာသည့်
ပြိုင်ပွဲဝင်ဆရာ/မများ၊ကျောင်းသား/သူများအား
စိစစ်ခြင်း
ခ။ စာစစ်မှူးမှတင်ပြလာသည့်
ရွေးချယ်ခံရသော
စာမူများအား စိစစ်ခြင်း
ဂ။ ပြိုင်ပွဲအတွက်
လိုအပ်သည်များကူညီပေးခြင်း
စာဖြေခန်းစောင့်ကြပ်ရန်
ကြီးကြပ်ရေးမှူးနှင့်
လက်ထောက်ကြီးကြပ်ရေးမှူးခန့်အပ်ခြင်း
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ပြိုင်ပွဲ ကြီးကြပ်ရေးမှူးနှင့်
လက်ထောက်ကြီးကြပ်ရေးမှူးများကို
အောက်ပါအတိုင်း
တာဝန်ပေးအပ်ပါသည်။
၁။ ဒေါ်မြင့်မြင့်အေး ကျောင်းအုပ်ကြီး၊အထက(၂) ကြီးကြပ်ရေးမှူး
၂။ အထက(၂)ဆရာ/မ(၂)ဦး လ/ထကြီးကြပ်ရေးမှူး
၃။ အထက(၅)ဆရာ/မ(၂)ဦး လ/ထကြီးကြပ်ရေးမှူး
၎။ ထခွဲ(ဖိုးဒေ၀)ဆရာ/မ(၂)ဦး လ/ထကြီးကြပ်ရေးမှူး
လုပ်ငန်းတာဝန်များ
သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ လက်ထောက်ကြီးကြပ်ရေးမှူး
အဖြစ်တာဝန်ပေးအပ်မည့် လက်ထောက်ဆရာ/မများ
အား (၁၆.၉.၂၀၁၆)ရက်နေ့ ညနေ(၂)နာရီတွင် ကြီးကြပ်ရေးမှူးထံ
စေလွှတ်ပေးရန်နှင့် တာဝန်ပေးအပ်ခြင်းခံရသော
ဆရာ/မများမှ တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရန်
အဖြေလွှာစစ်ဆေးရန်
စာစစ်မှူးနှင့်လက်ထောက်
စာစစ်မှူးခန့်အပ်ခြင်း
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ပြိုင်ပွဲအဖြေလွှာများစစ်ဆေးရန်
အတွက် စာစစ်မှူးနှင့်လက်ထောက်စာစစ်မှူးများကို
အောက်ပါအတိုင်း တာဝန်ပေးအပ်ပါသည်။
၁။ ဒေါ်ခင်ညို ကျောင်းအုပ်ကြီး၊အလက(ပိုက်ဝမ်း) စာစစ်မှူး
၂။ အထက(၁)-အထက်တန်းသင်ဆရာ/မ(၂)ဦး လက်ထောက်စာစစ်မှူး
၃။ အထက(၂)-အထက်တန်းသင်ဆရာ/မ(၂)ဦး လက်ထောက်စာစစ်မှူး
၎။ အထက(၃)-အထက်တန်းသင်ဆရာ/မ(၂)ဦး
လက်ထောက်စာစစ်မှူး
၅။ ထခွဲ(ဖိုးဒေ၀)-အလယ်တန်းသင်ဆရာ/မ(၂)ဦး
လက်ထောက်စာစစ်မှူး
၆။ အလက(ပိုက်ဝမ်း)-အလယ်တန်းသင်ဆရာ/မ(၂)ဦး
လက်ထောက်စာစစ်မှူး
၇။ ထ(ခွဲ)သိန်လင်-အလယ်တန်းသင်ဆရာ/မ(၂)ဦး
လက်ထောက်စာစစ်မှူး
လုပ်ငန်းတာဝန်များ
-သက်ဆိုင်ရာကျောင်းအုပ်ကြီးများမှ လက်ထောက်စာစစ်မှူး
အဖြစ်တာဝန်ပေးအပ်ခြင်းခံရသောလက်ထောက်ဆရာ/မ
များအား(၁၇.၉.၂၀၁၆)ရက်နေ့လည်(၁)နာရီတွင်
စာစစ်မှူးထံ
စေလွှတ်ပေးရန်နှင့် တာဝန်ပေးအပ်ခြင်းခံရသောလက်
ထောက်ဆရာ/မများမှ
တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်၊
-စာစစ်မှူးမှအကောင်းဆုံးစာမူ(၁)စောင်ကိုရွေးချယ်ပေးရန်
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ပြိုင်ပွဲအစီအစဉ်
ကျင်းပမည့်နေရာ။ အထက(၂)မြညီလာခန်းမ
ကျင်းပမည့်ရက်။ ၁၇.၉.၂၀၁၆(စနေနေ့)
ကျင်းပမည့်အချိန်။ နံနက်( ၁၀း၀၀ )နာရီမှ( ၁၂း၀၀ )နာရီထိ
ပြိုင်ပွဲဝင်ခေါင်းစဉ်
ဆောင်းပါး- ပညာပဒေသာ တင့်ဝေဆာ အခရာကမြတ်ဆရာ
စာစီစာကုံး- ပညာအလင်းဖြင့် လမ်းပြသူ
ကဗျာ- အနာဂတ်ပိုင်ရှင်
ဆရာသခင်
စာဖြေသူအမည်စာရင်းပေးပို့ရမည့်ရက်သတ်မှတ်ခြင်း
သက်ဆိုင်ရာကျောင်းအသီးသီးမှ ကမ္ဘာ့ဆရာများနေ့
အထိမ်းအမှတ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့်
ဆရာ/မစာရင်း
ကျောင်းသား/သူအမည်စာရင်း(၁၆.၉.၂၀၁၆) ရက်နေ့
ညနေ(၃)နာရီအချိန် နောက်ဆုံးထားပေးပို့ကြရန်
နိဂုံး
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြိုင်ပွဲကို အထက်အဆင့်ဆင့်၏
လမ်းညွှန်မှုကိုခံယူလျှက် စီမံချက်ပါအတိုင်း
အောင်မြင်စွာကျင်းပပြုလုပ်သွားပါမည်။
No comments:
Post a Comment